Shwe_Latt_Saung_Grade_2
အင်္ဂလိပ် မီးနင်း
READER TWO
GRADE-II
ဘာသာရပ်ဆိုင်ရာ လွမ်းညွှမ်စာအုပ်များ ရေးသားခြင်းသည် ယျဘုယာအားဖြင့် အတန်းငယ်လျှင် လွယ်၍ အတန်းကြီးလျှင် ခက်သည်ဟု ဆိုရသော်လည်း အလွန်ငယ်သောကလေးများအတွက်ရေးရာ၌မူ လွန်စွာ သိမ်မွေ့ ခက်ခဲပါသည်။ TOEFL IELTS SAT GMAT လွမ်းညွှမ်စာအုပ်များ ရေးခဲ့သော စာရေးသူသည် မူလတန်းကလေးငယ်များအတွက် လွမ်းညွှမ်စာအုပ်၊ လေ့ကျင့်ခန်းစာအုပ်များရေးသားရာ၌ အထူး သတိထားပါသည်။ ရေးချင်တိုင်း လက်ကုန်ဖွင့် ရေး၍မရပါ။ ရေးချင်သလို ရေး၍ မရပါ။ လက်ခံယူမည့်သူ၏ နုနယ်သောအရွယ်ကို သတိမထားဘဲရေးပါက နှံပြည်စုတ်ကို အမြှောက်နှင့်ထု၊ ကြက်ဥပြုတ် သံတုတ်နှင့်ချ၊ ခရုခါးတောင်းကျိုက်ဖမ်းသကဲ့သို့ သတ္တဝါနှင့် လနက် မမျှ၊ အံမဝင်ခွင်မချ အမြင်မလှ ဖြစ်တတ်ပါသည်။ မိမိကိုယ်ကို ကလေးငယ်များ၏ ရင်ထဲဝင်ကြည့်၊ ထိုကလေးများကို သင်နေသော ဆရာ၊ ဆရာမများ၏ နေရာ ဝင်ကြည့်ပြီး ရေးရ ပါသည်။
ထိုကြောင့် စာအုပ်ထုပ်ဝေမည့် ရွှေလက်ဆောင်စာပေတိုက်ကို ကလေးနှင့်သင်လျော်မည့် ရုပ်ပုံအညွှမ်းများထည့်ရန်၊ ဖြစ်နိုင်လျှင် ရောင်စုံပုံများ သုံးပေးရန် စာလုံးကို ပြွတ်သိမ်မစီဘဲ မျက်စီရှင်းအောင်စီရန် မေတ္တာရပ်ခံရာ စာပေတိုက်မှ စာအုပ်အပြင်အဆင်ကို စီစဉ်သော ပညာရှင်ကလည်း အပင်ပန်းခံကာ ရုပ်ပုံများရှာဖွေသည်။ အပြင်အဆင်ကို စိတ်ရှည်လက်ရှည်ပြပေးသည်။
အထူးအားဖြင့် ကလေးငယ်များကို သင်ပေးမည့် ဆရာ၊ ဆရာမများနှင့် မိဘများအတွက် အသံထွက် လွမ်းညွှမ်ကိုလည်း အလွယ်ဆုံးရှင်းပြထည့်သွင်းထားပါသည်။ အသံထွက်ကို အနီးစပ်ဆုံးမှန်အောင် ငယ်စဉ်ကပင် လေ့ကျင့်ထားဖို့ အရေးကြီးပါသည်။ Phonetics သင်ဖို့အခွင့်အလမ်း မရခဲ့ကြရှာသော (မြိုကြီးပြကြီး နှင့် ဝေးရာဒေသများမှ) ဆရာ၊ ဆရာမ များအတွက် ထိုက်သင့်သလောက် အထောက်အကူပြုမည့်ဟု ယုံကြည်ပါသည်။
ဤစာအုပ်ကို ပြဌာန်းသင်ရိုးမှ သင်ခန်းစာတို့၏ ဝေါဟာရများ၊ စကားစုများ၊ စကားလုံးပုံစံများ၊ ကြိယာပုံစံများကို Lesson တစ်ခုချင်းစီအတွက် ရောင်စုံပုံရပ်များ၊ အသံထွက်များနှင့်အတူ လေ့လာသင်ယူမှု လွယ်ကူစေရန် စီစဉ်ပေးထားပါသည်။
အကယ်၍ ဤစာအုပ်ကို DOWNLOAD လုပ်ချင်ပါက အောက် Link ကို နှိပ်ပါ။